Wednesday, January 25, 2012

မေတ္တာဖြင့် အောင်မြင်ခြင်း

                                                  မေတ္တာဖြင့်အောင်မြင်ခြား
At the beginning of our lives, we were under the take care of our parents. Again, at the end of our lives, we will depend on other .but, in the middle of our lives, why do not we practice loving kindness for other?   စာရေးသူ စင်္ကာပူနိုင်ငံကို ၂၁ ၊ ရ ၊ ၂၀၁၁၊ နေ့မှာ ရောက်ရှိခဲ့ပါတယ် ၊။ အခု ဆိုရင်  ရက်ပေါင်း ( ၅၀ ) ကျော်ခဲ့ပြီ  သစ္စာပါရမီဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ဆွမ်းဘောဇဉ်မျှတခြင်း (ဘောဇန သပ္ပါယ ) နေရာထိုင်ခင်းပြည့်စုံခြင်း( အာဝါသ သပ္ပါယ) ရာသီဥတု မျှတခြင်း (ဥတုသပ္ပါယ ) သစ္စာပါရမီ ဓမ္မ မိတ်ဆွေများနှင့် ခင်မင်ရင်းနှီးမှု ကြည်သာရွှင်ပျမှု (ပုဂ္ဂလ သပ္ပါယ )  မျှတစွာဖြင့် သီတင်းသုံးခွင့်ရှိခြင်းက ဆရာတော်ရဲ့ အကြင်နာ မေတ္တာဖြစ်ပါတယ် ။ စာရေးသူ အိန္ဒိယ ဒရန်ဆာလာ ရောက်နေစဉ် စင်္ကာပူကို လာဖို့ရန် ဖုံးဖြင့် ဆက်သွယ် အားပေးတိုက်တွန်းခဲ့ခြင်းက နောင်တော် ဦးနန္ဒိသေန ရဲ့ မေတ္တာဖြစ်၏ ။ ခရီးစဉ် အဆင်ပြေ ချောမွေ့အောင် အိန္ဒိယ ဆိုက်မှ မေတ္တာဖြင့် အစစကူညီပေးခဲ့သူက ဦးကေသရ ဖြစ်ပါတယ် ။ တစ်ဖန် စာရေးသှူ ဗီဇာရရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့တဲ့ သစ္စာပါရမီသာသနာပြု အဖွဲ့မှ ဒကာ ကိုမြလင်း  ရဲ့ မေတ္တာအကူအညီဖြင့် ဗီဇာရရှိခဲ့ပြန်ပါတယ် ။ စင်္ကာပူကို ရောက်လာပြန်တော့ ကားနဲ့လာရောက်ကြိုဆိုနေတာက ဒကာမောင်ထွန်းလင်ဖြစ်ပါတယ်။ စာရေးသူရဲ့ စင်္ကာပူ ခရီးစဉ်ကို မေတ္တာဖြင့် အောင်မြင်ခဲ့တယ် ။ သူတစ်ပါးရဲ့ အကူအညီကို ရယူခဲ့တယ် ဆိုတာ အမှန်စင်စစ်ဖြစ်၏။ ထို့ကြောင့် စာရေးသူအနေဖြင့် စင်္ကာပူ ခရီးစဉ်တစ်လျောက်မှာ ကြွေးမြှီးတွေတင်နေ၏။ ဘာအကြွေးလဲ ဆို၇င် မေတ္တာအကြွေးပါဘဲ လောက၌ သူ့ကျေးဇူးကို သိ၍ သူ့ကျေးဇူးကို ပေးဆပ်ခြင်းဆိုတာဟာ လူမြတ်လက္ခဏာမဟုတ်ပါလော။  ကတညုတ ကတဝေဒီ ဒုလ္လဘော လောကသ္မိ သူ့ကျေးဇူးကို သိပြီး သူ့ကျေးဇူးကို ပေးဆပ်တတ်သူသည် လောကမှာ ရခဲ့၏ ဟူလို။ လောက၌ အကြွေးယူထားခဲ့သော် ပြန်ဆပ်ရစမြဲပင် ဖြစ်၏ ။ ယင်းသို့ သူတစ်ပါးရဲ့ မေတ္တာ ကြင်နာ ယုယမှုကို ယူခဲ့ပြီး တဖန်ပြန်လည် မပေးဆပ်ပါက အကျွန်ုပ်တို့သည် အဘယ်မှာလျင် သူ့ကျေးဇူးကို သိတဲ့လူမြတ် (noble person )တစ်ယောက်ဖြစ်နိုင်ပါအံ့နည်း ။ `        အခါအားလျော်စွာ အကျွန်ုပ်တို့၏ နေ့စဉ်ဘ၀သွားလာ ရုန်းကန်လှုပ်ခြား နေစဉ်ပင်လျင် ဆွေမျိုးမတော်စပ်သော သူစိမ်းတစ်ဦး တစ်ယောက်ရဲ့ကူညီမှုကို အကျွန်ုပ်တို့သည် အနည်းဆုံး  တစ်ကြိမ်တစ်ခါတော့  ကူညီမှု ရိုင်းပင်းမှု ဆိုတဲ့ မေတ္တာ အကြင်နာတို့ကို ရရှိခြင်း ခံစား တွေ့ကြုံခဲ့ဖူးကြလိမ့်မည်ဟု ယုံကြည်၏။ လောက၌ မေတ္တာတရားများ ကွယ်ပျောက်လာပါက မိဘ နှင့် သားသမီး ၊ ဆ၇ာ နှင့် တပည့် ၊ လင် နှင့် မယား ၊ လူနာ နှင့် ဆရာဝန် ၊ အလုပ်သမား နှင့် သဌေး ၊ လူသား နှင့် တိရစ္ဆာန် ၊ ပြည်သူ နှင့် သမ္မတ အဘယ်မှာလျင် ငြိမ်းချမ်းရေး ( peace) ဖြစ်နိုင်ပါ့မလဲ ။ ငြိမ်းချမ်းမှု မရှိပါက ပျော်ရွင်မှု happy or enjoy ဆိုတာလည်း ဖြစ်မလာနိုင်တော့ပါ ။ ထို့ကြောင့် အကျွန်ုပ်တို့သည် စစ်မှန်သော ငြိမ်းချမ်းမှု ပျော်ရွင်မှု ကို စင်စစ်အားဖြင့် တကယ်လိုလားသည် ဆိုပါက အနိမ့် အမြင့် ၊ မြင်ဖူး  မမြင်ဖူး ၊ စတဲ့ ကွဲပြားမှူ အလယ် မှာ ( သို့မဟုတ် )လူနှစ်မျိုးကြားမှာ မေတ္တာအစေးကပ်ရန်လိုအပ်မည် မှာ မြေလက်ခပ်မလွဲဖြစ်၏။           မှန်၏ မေတ္တာ ဟူသော ဝေါဟာရသည် တကယ်တော့ ပါဠိ စကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။ ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသ စေတသိက် ဖြစ်၏ ။ အဒေါသရဲ့ သဘောက မကြမ်းတမ်းခြင်း လက္ခဏာ ၊ရန်ငြိုးဖွဲ့ခြင်း မရှိဘဲ စန်းလအသွင်ကြည်လင်အေးမြသော တရားသည် မေတ္တာမည်၏ ။ မိဇ္ဇတိ သိနေဟတီတိ မေတ္တာ၊ ( ၀ါ ) မိတ္တေ ဘ၀ မေတ္တာ …ဟူသော ၀ိဂြိုဟ်အရ ’’’ချစ်တတ်သော သဘောတရား ၊ ချစ်တတ် အကျိုးစီးပွားကို အလိုရှိတတ် ဖြစ်တတ်သော သဘောတ၇ား ၊ ချစ်အပ်သော ပိယ ပုဂ္ဂိုလ် ဟူသော အာရုံ၌ဖြစ်သော သဘောတရားဟာ မေတ္တာ ပါဘဲ ‘’’’ မေတ္တာ ကို ဗုဒ္ဓစာပေ၌ များစွာဖွင့်ဆိုထား၏။ လောက၌ လူတစ်ယောက်နှင့် တစ်ယောက် အုပ်စု တစ်ခု နှင့်တစ်ခု ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံ တစ်ခုနှင့် တစ်ခု ၊ ဘာသာတရား တစ်ခု နှင့် တစ်ခု ဟာလည်း မေတ္တာ ဟူသောကြိုးဖြင့် ချည်နှောင်ထားကြ၏။ တကယ်လို့ မေတ္တာကြိုးပြတ်သွားမည်ဆိုပါက ထိုအသင်း ထိုအဖွဲ့ဟာ ဖရို ဖရဲ ပြိုကွဲကြမည်မှာ  မုချ ပင်ဖြစ်၏။ ထို့ကြောင့် မေတ္တာသည် စည်းလုံးခြင်းရဲ့ အင်အားဖြစ်၏။ ရံခါ သတင်းစာများမှာဖတ်ဖူး၏ သားသမီး အဖြစ်မှ စွန့်လွတ်ခြင်း ခင်ပွန်းအဖြစ်မှ စွန့်လွတ်ခြင်း ဇနီးအဖြစ်မှ စွန့်လွတ်ခြင်း စသော သတင်းများဟာ မေတ္တာကြိုးပြတ်တောက်ခြင်းရဲ့ သတင်းများဖြစ်ကြ၏။ ချစ်ခြင်း မေတ္တာ များခိုင်မာသောအခါ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ။ မေတ္တာအစေး ခန်းခြောက်လာသည့်အခါမှာတော့ ဘယ်သူမှ ခွဲစရာမလိုတော့ဘဲ အလိုအလျောက် ပြိုကွဲကြရမည်မှာ ဓမ္မတာဖြစ်ပါသည်။ယင်းကြောင့် မေတ္တာဖြင့် မိတ်ဆွေကောင်းဖြစ်နိုင်၏ မေတ္တာကြောင့် ပျော်ရွင်ဖွယ်ရာ မိသားစု ဖြစ်နိုင်၏ မေတ္တာကြောင့် အဖွဲ့အစည်းများ သက်တမ်းရှည်စွာတည်တံ့နိုင်၏ မေတ္တာကြောင့် တိုင်းပြည်လည်းအေးချမ်းနိုင်၏ ။ လောက သုံးခွင် အကုန်စင်သိမြင်တော်မူသည့် ဘုရားရှင်သည်လည်း အောင်ခြင်းရှစ်ပါးကို မေတ္တာဖြင့် အောင်မြင်တော်မူခဲ့၏။ ယနေ့မျက်မှောက်ခေါတ်မှာပင်လျင် အခါအားလျော်စွာ ရဟန်းသံဃာများ ဒကာ ဒကာမတို့ရဲ့ ပင့်ဖိတ်ချက်အရ အိမ်ဂေဟာ များသို့ ကြွရောက်ကြသည့်အခါ မေတ္တာသုတ် ပရိတ် တရားတော် ရွတ်ဖတ်ခြင်း မေတ္တာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း မပြုဘဲ ပြန်လည်ကြွသွားခြင်းမရှိသည်မှာ မေတ္တာရဲ့ စွမ်းအား မေတ္တာမပါ ပွဲမပြီးဆိုသည့် သဘောသက်ရောက်သည်မဟုတ်ပါလော ။ ဤလာက၌ မေတ္တာ မရှိခဲ့သော် အကျွန်ုပ်သည်လည်း မရှိနိုင်ပါ ။ ဘာကြောင့်နည်းဆိုသော် သန္ဓေသားအရွယ် ဘ၀ရဲ့ အစ မှာ အကျွ်န်ုပ်တို့သည် မိဘနှစ်ပါးတို့ ယုယ ပြုစုမှု ဂရုစိုက်မှု အကြင်နာ မေတ္တာရိပ် အောက်မှာ ဘေးမသီ ရန်မခ မှက်ခြင် မသန်းရအောင် နွေးထွေး အေးချမ်းစွာဖြင့် ကြီးပြင်းခဲ့ကြရ၏ ။ နောင်တဖန် အကျွန်ုပ်တို့ အိုမင်းရင့်ရော် မသန်စွမ်းနိုင်သည့် ဘ၀ နောက်ဆုံးအချိန်မျိုးထိအောာင် ဆွေမျိုး သို့မဟုတ် သူစိမ်းသူတို့ရဲ့ ဂရုစိုက်မူ အကြင်အနာ မေတ္တာ ရိပ်အောက်ကို ပြန်လည်ခိုလုံကြရပေလိမ့်မယ် ။ သို့သော် အကျွန်ုပ်တို့သည် ဘ၀ ရဲ့ အလယ် အသက်အရွယ်မှာ သူတစ်ပါးကို အကြင်နာ မေတ္တာဖြင့် ဘာကြောင့်ရိုင်းပင်းကူညီမှု မေတ္တာတရားများမထားနိုင်ဘဲရှိကြသနည်း မေးစရာ ပုစ္ဆာဖြစ်လာတော့၏။ ထို့ကြောင့် မဟာယာန ဆရာများက အကျွန်ုပ်တို့ရဲ့ ဘ၀အလယ် မဇ္ဈိမ အရွယ်မှာ တစ်ပါးသူကို စစ်မှန်သောမေတ္တာတရားတို့ဖြင့် ကူညီရိုင်းပင်းခြင်း လူမူရေးလုပ်ငန်းများ လူမူကယ်ဆယ်ရေးလုပ်ငန်း (social work )များကို  လက်တွေ့လုပ်ကိုင် ကျင့်သုံးခြင်းသည်  အလယ်လမ်းစဉ် (middle way )လို့ဖွင့်ဆိုကြ၏။ ထို့ကြောင့် ယနေ့ကမ္ဘာမှာ မဟာယာန ဗုဒ္ဓဘာသာ ၀င်တို့သည် လူမှုလုပ်ငန်းတို့ဖြင့် ကမ္ဘာတစ်လွှား ကို ဗုဒ္ဓသာသနာပြန့်ပွားစေနိုင်ခြင်းဟာ လက်တွေ့  ကာယကံ မေတ္တာမဟုတ်ပါလော။ ယင်းကြောင့် အကျွန်ုပ်တို့သည် မေတ္တာဖြင့် အောင်မြင်အောင်ကြိုးစားသင့်၏ ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်က မေတ္တာဖြင့် ကမ္ဘာကျော်ခဲ့သော မြတ်ဗုဒ္ဒသည် (မြန်မာတို့ ပြက္ခဒိန်အရ ) ၀ါခေါင်လပြည့် မှာ ရဟန်းတို့အား မေတ္တာတရားဟောခဲ့၏။ ထိုအချိန်က ရဟန်း ( ၅၀၀ ) တို့သည် ဟေမာလယ တောင်တန်းအနီးက ရွာလေး တစ်ရွာကို ဂေါစရဂါမ်ပြုပြီး တရားဘာဝနာ ပွားများခြင်း ၀ိပသနာ ဓူရ ကို ပြင်းပြင်းထန်ထန် အားထုတ်၍ သီတင်းသုံး နေထိုင်ကြ၏။ ရဟန်းတို့ နေထိုင်ရာ အနီး တစ်ဝိုက်တွင် နတ် ဘီလူးတို့လည်း သစ်ပင် ကို ဘုံဗိမာန် အသွင် ပြုပြီး နေထိုင်ကြ၏ ။ နတ် ဘီလူး တစ္ဆေများ နှင့် ရဟန်းတို့ရဲ့ ကြားမှာ မေတ္တာ အကြင်အနာ မရှိကြသဖြင့် တစ်ဦးအပေါ် တစ်ဦး မေတ္တာအစေ မကပ်နိုင်ကြသဖြင့် ရဟန်းတို့လည်း တရားမရနိုင် နတ် ဘီလူးတို့မှာလည်း ဒေါသတရား ဖြစ်ကာ အကုသိုလ် တရားသာပွားစီးကြရ၏။ ရဟန်းတော်တို့မှာ နတ်တို့၏ အကြင်နာ မေတ္တာကို မရကြသဖြင့် သမာဓိ ရမည်ကို မဆိုထားဘိ မစားနိုင် မအိပ်နိုင် ဖြစ်ကာ ကျန်းမာရေး များထိခိုက်လာခြင်းကြောင့် အသက် ကိုပင် လုယူရန် ကြိုးစားယူရပါတော့၏။ ဤတော၌သာ ဆက်လက်ပြီး ၀ါဆို ၀ါကပ်ပါက ရဟန်းတော်အားလုံးမှာ ပျံလွန်တော်မူကြပေလိမ့်မည် ။ ထို့ကြောင့် သံဃာတော်များ အချင်းချင်းတိုင်ပင်ပြီး ဘုရားရှင်ထံသို့ ချည်းကပ် တော်မူကြ၏။ လောကသုံ ခွင် အကုန်စင်သိမြင်တော်မူသော ဘုရားရှင်သည် နတ်မိစ္ဆာတို့မှာ ဖြစ်ပွားနေတဲ့ ဒေါသအာဃာတ တရားများကို မေတ္တာတရား ပွားများခြင်း အကြင်နာထားခြင်းတို့ဖြင့် အောင်မြင်တော်မူမည်ကို သိတော်မူသည့်အတွက်ကြောင့် ရဟန်းတော်များအား မေတ္တားတရား ဟောကြားပေခဲ့၏။ ရဟန်တော်များသည်လည်း ဘုရားရှင်၏ လမ်းညွန်ချက်နှင့် အညီ မေတ္တာသုတ် တော်ကို နုပ်မှလည်း ရွက်ဆို  သူတစ်ပါး ချမ်းသာကို တကယ်လိုလားသော မေတ္တစိတ်စေလွှတ်ခြင်းဖြင့် မေတ္တာဘာဝနာ စီးဖြန်းပွားများကြသည့် အတွက်ကြောင့် နတ် ဘီလူး များမှာ မေတ္တာရဲ့ တန်ခိုးချိန်စော်အာနုဘော်ကြာင့် နတ်ဘီလူးများမှာ  ချစ်ကျွမ်းဝင် ကာ ဆရာ ဒကာ ဖြစ်သွားကြ၏။ ရဟန်းတော်တို့သည်လည်း သီတင်ကျွတ်သည်နှင့် တစ်ပြိုင်နက် အရဟတ္တဖိုလ် ပေါက်  နိဗ္ဗာန် ကို မျက်မှောက်ပြုကြလေ၏။  မေတ္တာဖြင့် နိဗ္ဗာန်ခရီးကို အောင်မြင်ခဲ့ကြ၏ ။ ဤနေရာ၌ သတိပြုမိစေချင်သည်မှာ ဆရာ ရဟန်းတော်များ နှင့် လူ ဒါယကာ ဒါယိကာမ များ တို့အကြားမှာ လည်း ဆရာ ဒကာ မေတ္တာ အစေးခမ်းခြောက်လာပါက အဘယ်မှာလျင် သာသနာပြုလုပ်ငန်းအောင်မြင်ပါအံ့နည်း ။ အဘယ်မှာ လျင် ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားအောင်လုပ်ဆောင်နိုင်ပါအံ့တော့နည်း ။ ထို့ကြောင့် မေတ္တာ တရား ဟူသည် အဘယ်မျှ အရေးပါကြောင်းကို စာရူသူများ ရိပ်မိ လောက်ပါတော့၏ ။ ထို့ကြောင့် စာရေးသူ အနေဖြင့် unity is power လို့ ဆိုမည်အစား loving kindness is unity စည်းလုံးခြင်းသည် အင်အားထက် မေတ္တာဟာ စည်းလုံးခြင်းဘဲ လို့ တင်ပြလို၏။ ဤကဲ့သို့ မေတ္တာတရား ရဲ့ တန်ဖိုး မေတ္တာတရားရဲ့ အကျိုးကို  စင်္ကာပူ နိုင်ငံရှိ သစ္စာပါရမီ ဆရာတော် နှင့် သစ္စာပါရမီ သာသနာပြု အဖွဲ့မှ နားလည်သဘောပေါက်ကြ၏ ။ ယင်းကြောင့် သစ္စာပါရမီ အဖွဲ့မှ east coast ပင်လယ်ကမ်းခြေမှာ       (၁၄၊ ၈ ၊၂၀၁၁) နေ့ ၀ါခေါင်လပြည့်မေတ္တာ အခါတော်နေ့ကို ဂုဏ်ပြုပူဇော်သော အားဖြင့်လည်းကောင်း၊ နှစ်ဦး နှစ်ခု ကြားဝယ် လူလူချင်း ကိုယ်ချင်းစာ တရားများ ၊ အကြင်နာတရားများ  လူနှင့် တိရစ္ဆာန် ကြားဝယ် လိုအပ်နေသော မေတ္တာ အစေ ကို ကာယကံမြောက် သက်သေသာဓက မေတ္တာမှတ်တိုင်း  စိုက်ထူသည့်အနေဖြင့်လည်းကောင်း ၊ နိဗ္ဗာန်ကို မျှော်မှန်းပြီး ဂဏန်း သက်သတ်လွတ် အစီအစဉ်လေး တစ်ခု ပြုလုပ်ခဲ့တာကို အမှတ်ရပြီး ဤစာမူလေး ဖြင့် မေတ္တာတရား ပွားများခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး အကြင်နာတရားများ ထားရှိပြီးအောင် မြင်ကြစေရန် မေတ္တာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။                  အရှင်သုဇာတ ( မာဂဓတက္ကသိုလ် )အိန္ဒိယ ၁၆ ၊ ၉ ၊ ၂၀၁၁ ။  

Read More...

Saturday, September 17, 2011

My photos
















Type your summary here. Type the rest of your post here.

Read More...

Friday, September 16, 2011

with my supporters













Type your summary here. Type the rest of your post here.

Read More...

Thursday, September 15, 2011

Ven Thuzata photo


Read More...

Wednesday, August 24, 2011

အရှင်သုဇာတ ( ဗုဒ္ဓဂါယာ)

Type your summary here. Type the rest of your post here.

Read More...

သစ္စာပါရမီ ဆရာတော် နှင့် အရှင်သုဇာတ

Type your summary here. Type the rest of your post here.

Read More...